Sunday, February 26, 2012

အမျိုးချစ်



ငါက သက်မဲ့အရုပ်တစ်ရုပ်မဟုတ်တဲ့အတွက်


လိုရာစေခိုင်း လိုသလိုပုံသွင်း

မင်းစေညွှန်ရာ ကမယ့် ရုပ်သေးရုပ်မဟုတ်ဘူး။


ချစ်တဲ့စိတ်တစ်ခုထဲနဲ့

မင်းအသိုင်းဝိုင်းထဲ မျက်စိမှိတ်ဝင်

အံဝင်ဂွင်ကျမဖြစ်တဲ့ အဲဒီလူတွေကြားမှာ

ငါကပဲ မှားသလား.....မင်းတို့ကပဲ မှန်နေသလား?


လူတွေထဲက လူငယ်တစ်ယောက်ပေမို့

မဟုတ်ရင်မခံတတ်တဲ့ စိတ်ကလေးရှိတာကို

အရိုင်းအစိုင်း တစ်ယောက်လို့ ထင်မြင်ယူဆနေရင်

အဲဒီအချစ်က မတရားဘူးလို့ပဲ ပြောလိုက်ချင်တယ်။

3 ယောက်မှတ်ချက်ပြု:

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးဖတ်သွားပါ၏

မိုးငွေ့...... said...

အမျိုးချစ်ဆိုလို့ နိုင်ငံရေးဘက်များလှည့်သွားသလားလို့ လက်စသတ်တော့ မယ်နှိုင်းရဲ့ ပေါက်ကွဲသံစဉ်ကိုးး..။ သင်္ကြန်အိမ်မပြန်ဖြစ်ရင် မုန့်လုပ်ကျွေးမယ်..လာခဲ့..။

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...