Tuesday, March 13, 2012

သူမအကြောင်း.....



သူမပြော ပြောနေတဲ့

တိမ်တိုက်တွေ....နှင်းမှုန်တွေ


လေပြေတွေ.....စာတွေ....

ကဗျာတွေ.
..ဒဿနတွေ...

အက်ဆေးတွေ..၀တ္ထုတို..၀တ္ထုရှည်

တစ်ခါ...တစ်ခါ သူ့နုတ်ခမ်းက ဖွင့်ဟလာတဲ့

အချစ်အကြောင်းတွေ......

အမြဲလို စိတ်ကူးယဉ်မှုတွေနဲ့


တွေတွေဝေေ၀ သူ့မျက်ဝန်းတွေ...

အချိန်တိုင်း..စက္ကန့်တိုင်း

ကိုယ်သိချင်နေခဲ့မိတဲ့....တစ်ခုတည်းသော

သူမရဲ့ ရင်ဘတ်ထဲက အပိုင်းအစတစ်ချို့အကြောင်း

Sunday, February 26, 2012

အမျိုးချစ်



ငါက သက်မဲ့အရုပ်တစ်ရုပ်မဟုတ်တဲ့အတွက်


လိုရာစေခိုင်း လိုသလိုပုံသွင်း

မင်းစေညွှန်ရာ ကမယ့် ရုပ်သေးရုပ်မဟုတ်ဘူး။


ချစ်တဲ့စိတ်တစ်ခုထဲနဲ့

မင်းအသိုင်းဝိုင်းထဲ မျက်စိမှိတ်ဝင်

အံဝင်ဂွင်ကျမဖြစ်တဲ့ အဲဒီလူတွေကြားမှာ

ငါကပဲ မှားသလား.....မင်းတို့ကပဲ မှန်နေသလား?


လူတွေထဲက လူငယ်တစ်ယောက်ပေမို့

မဟုတ်ရင်မခံတတ်တဲ့ စိတ်ကလေးရှိတာကို

အရိုင်းအစိုင်း တစ်ယောက်လို့ ထင်မြင်ယူဆနေရင်

အဲဒီအချစ်က မတရားဘူးလို့ပဲ ပြောလိုက်ချင်တယ်။

Tuesday, January 17, 2012

ဖြူစင် မွှေးမြ လှပနေပါစေ


ဖြူစင် မွှေးမြ လှပနေပါစေ

နေရောင် လရောင်က

(ဒီနေရာမှာ……)

ခပ်ပျပျကလေး မှောင်တယ်

အိပ်တန်းပြန်မိုးရဲ့တေးသွားမှာ

ကျွန်တော့်ရင်ခုန်သံလေး

ခါတော်မှီကြွေကျသွားခဲ့ရတယ်

စကားလုံးတွေအထပ်ထပ်မြိုချရင်း အပြစ်မတင်ရက်ပါဘူး

ကိုယ့်အလွမ်း ကိုယ်ထမ်းရင်း ကိုယ့်အနမ်း ကိုယ်ကောက်

နောက်တစ်ခေါက် စံပယ်တွေဖူးရင်

နင့်အတွက်ရည်စူးပြီး ဘုရားလှူမယ်

(ကျွန်တော့်ချစ်သူလေး)

ဖြူစင် မွှေးမြ လှပနေပါစေ

ချန်ထားရစ်တဲ့နေရာမှာပဲ ကျန်နေဖြစ်ခဲ့ပါတယ်

နင့်နာကြည်းသံ ခပ်အက်အက်မှာ

ဒီရင်ဘတ်လည်းအသက်မဲ့ခဲ့ရပါပြီ

(မသိပါစေနဲ့ ……)

အာရုံထဲစွဲထင်မိတဲ့ နင့်ပုံရိပ်လေးပဲ အထပ်ထပ်ပြန်ငေးရင်း

(ဒီအလွမ်းတွေ…..)

ဖြေသာအောင် ဖြေပါ့မယ်

(ကြေတော်မူပါ…..)

(တိတ်ဆိတ်မှုတွေထဲ……..)

တိတ်ဆိတ်မှုတွေအထပ်ထပ်ပြိုလဲရင်း

အသည်းကွဲကဗျာတွေ ဆက်ရေးဖြစ်နေဦးမှာပါ

(တစ်ခုတော့ခွင့်လွှတ်ပါ)

ဟိုး…….အရင်ကလိုပါပဲ

ငါ့ကဗျာတွေထဲမှာ နင်ဆိုတာမပါမဖြစ်

(ဒါလေးတော့ဈေးဆစ်ပါရစေ……)

ငါ့ကဗျာမှာ………..

…………………………………….

နင့်နာမည်လေးတစ်စွန်းတစ်စပါခဲ့ရင်

မလိမ်မိုး မလိမ္မာ ကဗျာသမားလေးမို့ 

အပြစ်တော်မမြင် ခွင့်လွှတ်တော်မူစေ့ချင်ပါတယ်

(ခွင့်ပြုပါ……)

နေရောင် လရောင်က

(ဒီနေရာမှာ……)

ခပ်ပျပျကလေး မှောင်နေခဲ့ပါတယ်ဗျာ

နင့်နာကြည်းသံ ခပ်အက်အက်မှာ

ဒီရင်ဘတ်လည်းအသက်မဲ့ခဲ့ရပါပြီ

(မသိပါစေနဲ့ ……)

နောက်တစ်ခေါက် စံပယ်တွေဖူးရင်

နင့်အတွက်ရည်စူးပြီး ဘုရားလှူမယ်

(ကျွန်တော့်ချစ်သူလေး)

ဖြူစင် မွှေးမြ လှပနေပါစေ……….

(ကျွန်တော့်ချစ်သူလေး)

ဖြူစင်………….

မွှေးမြ…………..

လှပနေပါစေဗျာ………………….။ ။

(မိုးထက်အောင်)

အဲဒီ စံပယ်ပန်းပုံလေးရဲ့ နောက်ခံမှာ ဒီကဗျာထဲက လူတစ်ယောက်ရှိနေတယ်..... :)

Tuesday, November 08, 2011

ချစ်သူနဲ့ဝေးရတဲ့ ကံ


ငှက်ကလေး နှစ်ကောင်ကို

တစ်ကောင်စီ...ခွဲခဲ့မိလေသလား။

ငါးကလေးနှစ်ကောင်ကို

တစ်ကောင်စီ...ထားခဲ့မိလေသလား။

သူတစ်ပါး ချစ်သူကို

ပြစ်မှားငေးကြည့်...,

ကျူးလွန်မိခဲ့လေသလား။

သူတစ်ပါး ချစ်ခြင်း

ကွေကွင်းစေအောင်

စွမ်းဆောင်မိခဲ့လေသလား။

ကံ၏အမှု၊ အစုစုမှ

ချစ့်သော သူ့ကို၊ ငြိမ်းစေလိုသည်...။

ကိုယ် တစ်ကိုယ်တည်း

ကံ အမွဲမို့

အံခဲဖြေလျော့...မငိုတာ့ဘူး။

ထို...ထို...ဘဝ,

ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...၊

ကံအမှု...ကြွေး၊ ဤဝဋ်ဘေးမှ

ချစ်သူ ကင်းဝေး အေးပါစေ...။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)

Monday, November 07, 2011

ရုပ်ရှင်ကြိုက်သူ


အချစ်ဆိုတာကို ဂေါ်လီလိုကစား

ခံစားချက်ကို ကုန်ကြမ်းလုပ်ပြီး

ခုတုံးလုပ်ခံလိုက်ရတဲ့ ကဗျာတွေ

မရိုးနိုင်တဲ့ ဇတ်ညွှန်းတွေ

ကိုယ်တိုင်ရေး...ကိုယ်တိုင်ရိုက်

ကိုယ်ကိုတိုင် သရုပ်ဆောင်

ဇတ်အိမ်အနာနဲ့...ဇတ်သိမ်းမပေါင်းပေးတတ်တဲ့

မင်းရဲ့ အဆင့်မြင့် ရုပ်ရှင်ဇတ်ကားသစ်ကြီး

ဘယ်တော့ထွက်ရှိလာမလဲဆိုတာ ......

ကြိုတင်လက်မှတ်ဝယ်ဖို့

ပင်တိုင်ပရိတ်သတ်ကြီးက

စောင့်မျှော်နေလေရဲ့

(နှိုင်း)

Tuesday, November 01, 2011

အချစ်ဦး

အချစ်ဦး

၁၆ နှစ်အရွယ်

သစ်ရွက်ကြွေတောင်

ရင်မှာလှိုက်ဖို

အချစ် ဆိုတဲ့ အသံ ကြားရုံနဲ့တင် ရင်ခုန်မိတယ်။


အချစ်သမိုင်းစာမျက်နှာ

ပြန်လှန်ရှာဖွေ

မပုပ်မသိုးနဲ့ထုပ်ပိုးထားတဲ့

ရှင်သန်နေဆဲ

ဒဏ်ရာရ နှလုံးသားတစ်စုံ.....


အချိန်ရာသီ ဘယ်လိုပင်ပြောင်းပြောင်း

တစ်သက်လုံးအတွက် မကျက်သေးတဲ့ဒဏ်ရာ

“ အချစ်ဦး ” အတွက်ပဲဖြစ်မယ်ထင်တယ်.....။

(နှိုင်း)